Monday 12 September 2011

Sunday School in Knowledge Zone


ခရစ်ယန်ဘာသာဝင်တို့သည် စနေ၊ တနင်္ဂနွေနေ့တို့တွင် မိမိတို့စီးပွားရေးနှင့် လူမှုရေး ကျန်ကိစ္စရပ်များအား ခဏဘေးချိတ်၍ ဘုရားကျောင်းသို့ သွားရောက်ပြီ၊ ဆုတောင်းမှုများ၊ ဘုရားရှိခိုးမှုများ ပြုလုပ်ကြသည်။ အစ္စလာမ်ဘာသာ ၀င်တို့သည်လည်း မိမိတို့စီးပွားရေးနှင့် လူမှုရေးနှင့် ကျန်ကိစ္စရပ်များအား ခဏဘေးချိတ်၍ သောကြာနေ့တိုင်း ဘုရားကျောင်း ဗလီသို့သွားကြသည်။ သို့သော် ဗုဒ္ဓ၀င်တွေအနေဖြင့် မည်သည့်ရက်တွင် ဘုန်းကြီးကျောင်းသို့သွားရောက်၍ ကောင်းမှုကုသိုလ် ဥပုဒ်သီလစောင့်တည် ပြုလုပ်ကြပါသနည်း။ ဤမေးခွန်းကို ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အတော်အတန်ကြာမေ့လျော့နေကြသည်။ အဖိုးထိုက်တန်သော ဗုဒ္ဓ္ဓဘာသာနှင့် တွေ့ကြုံခိုက်၊ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် တပတ်တွင် တရက်မျှ ကောင်းမှုကုသိုလ်၊ ဥပုဒ်သီလစောင့်တည်၍ လူ့လောကကြီးထဲတွင် မနေဖြစ်လျှင်၊ လူဖြစ်ရကျိုးနပ်မည် မဟုတ်ပေ။ ထိုထိုသောအကြောင်းများကို အကြောင်းပြု၍ Knowledge Zone Vocational Training Center တွင် တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားသော ကျောင်းသူ၊ ကျောင်းသားများနှင့် မည်သူမဆို လာရောက်လေ့လာနိုင်သည်။ Sunday School ၏ အဓိကရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဗုဒ္ဓ၏ အဆုံးအမ အတိုင်းလိုက်နာ၊ ကျင့်သုံးနိုင်၍ ကျင့်သုံးသူတို့အတွက် ကျင့်သုံးသည့်အလျှောက် အကျိုးများစေရန် နှင့် အဆင့်အတန်းမြင့်မားသော ဗုဒ္ဓဘာသာဝင်များဖြစ်စေရန်ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏နောင်လာနောက်သားများအားလည်း ကောင်းမွန်သော ဘာသာရေးအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းသွားရန် ရည်ရွယ်ပါသည်။
လုပ်ဆောင်မည်အစီစဉ်:
08:30-09:30(ကျောင်းသန့်ရှင်းရေးလုပ်ဆောင်ရန်)
09:30-10:30(တရားနာရန်)
10:30-10:45(တရားထိုင်ရန်)
11:00-11:45(နေ့လည်စာ စားချိန်)
12:00-02:00(ဘုန်းကြီးကျောင်းသွား၍ သန့်ရှင်းရေး လုပ်ရန်)
02:00-03:00(တရားနာရန်)
03:00-03:15(တရားထိုင်ရန်)
03:30-00:00(တရားဆောင်၍ အိမ်ပြန်ကြသည်)

No comments:

Post a Comment

Pages

Popular Posts

FB Share it~!

mail to